Snow (အေးတဲ့ဆောင်း ဖြူတဲ့နှင်း)
Wednesday, December 15, 2010
၃၈ ဖြာ မင်္ဂလာကဗျာ
သင်ကြားခဲ့သော မင်္ဂလာကဗျာလေးတွေလေ ...
မေ့လောက်ကြပြီ ဖြစ်လို့ ပြန်မှတ်မိအောင်ပါ၊
ဖတ်လိုရင်.......
Thursday, December 2, 2010
စလုံးမှသည် စလုံးစီသို့
ကြီးတော်လှလှ ပျော်ပျော်ကြီးကြွား။
ကျွန်တော့် သမီး ရှုမငြီး..
စင်္ကာပူမှာ အကောင်ကြီးကြီး..
ဒို့ ဦးကြီးကလဲ မော်မော်ကြီး။
စလုံးမှာနေ သားတို့တွေ
နိဗ္ဗာန် ရောက်တာ မဟုတ်ဘူး ခင်ဗျ..။
အမေ့သား လှုပ်ရှား မနေမနား ..
စင်္ကာပူက No Free ဗျား။
ဖေဖေ့ သမီး အနေမကြီး …
အလုပ်စားပွဲကြီးရဲ့ နောက်မှာငို။
ဦးကြီး ကြီးတော် ပြုံးလို့ပျော်…
သား တို့ သမီးတို့ ရူးတော့မယ် ခင်ဗျ.။
အိပ်ယာထတော့ ၆ နာရီ…
အိမ်ပြန်ရောက်တော့ ၁၀ နာရီ ခင်ဗျ ။
ပိတ်ရက် တစ်ရက်တစ်လေ
မနားလေနဲ့ .. လျှော်အုံး ဖွတ်အုံး တကုန်းကုန်း..။
တနင်္ဂနွေ ညနေ စိတ်မလေပါဘူး..
မီးပူထိုးရင်း Internet ထိုင်ကြည့်..။
မေမေ စီကို ဖုန်းဆက်ရင်…
သားတို့ သမီးတို့ အားလုံး OK..။
လဆန်းဆိုရင် ပျော်ပျော်ရွှင်..
၁၀ ရက်ကျော်တော့ စီစီစစ်စစ်။
၂၀ ကျော်ရင် ရူးချင်ချင်..
အစိတ် ရောက်တော့ ကယောက်ကရက်..။
လစာဝင်ရင် ပြုံးရွှင်ရွှင်
ဟိုနုတ် ဒီနုတ် အမြဲ Minus ပဲ။
တွေ့ရာ စားချင် ဈေးကိုမြင်
လျှာကိုခေါက်ကာ ပြန်မျိုချရ ..။
စုဆောင်းတာလေး ရှိလာပြီ
ဒို့ပြည်ပြန်ကာ စီးပွားလုပ်စို့ ..။
ဒို့ပြည်ရောက်တော့ ဟန်ပြီထင်
မကြာဘူး ကုန်ပြီ စလုံး ပြန်ထွက်..။
Wednesday, December 1, 2010
ဘယ်သို့ဖြင့် ကယ်မယ့်ပိုင်။
ဆောင်ရန်ငွေ ရှာဖို့ လိုလေတော့၊
တွက်ခါငွေ အကုန်ပေါင်း၊ မလောက်တာကြောင့်
ရပ်တကာလှည့်ကာတောင်းပြန်တော့
မောင်မယ်တွေ တူပြိုင် ဖြေတာဖြင့်
မင်းရရင်ပြော ………………………..
Passport ရဲ့ ကုန်ရက်၊ ရေတွက်လို့ကြည့်ရင်
ရွှေစိတ်မှာမရွှင်၊ ဖြေမဆည်နိုင်ဘူး
ဘဏ်ကတ်မှာ ၊ ၁၀၀ သာပြလို့
မျက်ရည်ရယ်ဝိုင်း .........................
ဆိုးလိုက်တဲ့ ဘ၀ရယ်၊ ဘယ်စံနဲ့ တိုင်းရလိမ့်
နှစ်နိုင်ငံ အခွန်ပေးရတယ်
သေးထွက်လု ခမန်း ………………………….
နှစ်စ ပုဝါ အသာချပါလို့
လွမ်းနတ်ကတော် ပုံဖမ်းစေရင်း
ငိုချင်းကို တွင်တွင်ရယ် သုံးကာမှ ၊
မသဒ္ဒါ ငွေအသပြာ လုံစွာရတာကြောင့်
ချိုသာတဲ့ မူစတာဖါကို၊ ပေးလက်ဆောင်ဝယ်ဖို့ရယ်
ပြုံးပျော်၍ လှမ်း ………………………
တို့မြေကို ခြေအချမှာဖြင့်၊ ဝေစရာတွေ ဝေငှပါလို့
ပေတရာကို ရောက်ခါမှ
သက်မကို ကြိမ်ကြိမ်ချရတယ်
ဟဲ့ ….ပစ္စည်း စစ်စမ်း ……………………..
ပျော်မဆုံး ၇ ရက် ဖျတ်ခနဲကုန်
မှုံတုံတုံ မျက်နှာပေးနဲ့
တကျွန်းစံ ကျွန်းပြန်ရန် အချိန်ကျလေတော့
ထောင်သက်ရှည် အကျဉ်းသားလို
အားတင်း၍ လှမ်း ………………………….
ကျွန်းသန္တာ ရေ၀ိုင်းကို၊ လေလှိုင်းစီးရောက်ပြန်တော့
ခုန်လိုက်တဲ့ရင်၊ ပူလိုက်တဲ့ခေါင်း
ဂျင်ဂျာလည် အတွေးတွေတိုင်း
ကြွေးတွေက၀ိုင်း ……………………….
တွေးလေလေ နာတာတွေ ရေမရပေမယ့်
ကြုံးကာလုပ်မှ၊ ငွေအသပြာ သေချာရမှာမို့
Ya လား Do လား တွေ အတွင်သုံးပါလို့
ကြိုးစားကာ အသပြာရှာရင်း
ကြွေးတွေကိုရှင်း …………………….
(Over sea တို့ ဘ၀)
Monday, November 29, 2010
သီတင်းကျွတ်ပြီ
ကိုရန်ကင်း တစ်ယောက် တကိုယ်တည်း ငြည်းရင်း ခါးကိုဆန့် လိုက်သည်၊ စီးကရက် တစ်လိပ်ကို အသာထုတ်ပြီး မီးညှိရှိုက်လိုက်ရင်း ပြူတင်းတံခါးမှ အပြင်သို့ ဝေသီသော မျက်ဝန်းများနှင့် ငေးမော နေမိသည်၊ စင်္ကာပူ၏ ဥဒဟို သွားလာနေ သော ရောင်စုံ ကားတွေ၊ ကားဂိတ်မှာ Bus ကားစောင့်နေသူတွေကို ကြည့်ရင်း မွန်းကျပ်သလို ခံစားလာရသည်၊
“ အင်း … စင်္ကာပူ စင်္ကာပူ တော်တော့်ကို ရုန်းကန်ရတဲ့ လူနေမှု ဘ၀ပါလား…”
အိမ်ထဲတွင် တိတ်ဆိတ်နေသည် .. တအိမ်လုံး ရှိသမျှလူကုန် ကိုယ့် ဇနီးပါ အပါဝင် အသီးသီး ဆိုင်ရာဆိုင်ရာ အလုပ်စီကို သွားကြပြီး ဖြစ်သည်၊ ကိုရန်ကင်း တယောက် ဆေးခွင့် ၅ရက် ယူထားလို့သာ အိမ်မှာရှိနေတာ ပုံမှန်ဆိုရင် သူသည်လည်း တက်သုတ်ရိုက် သွားလာနေကြသော လူတွေထဲမှာ အပါအ၀င် တစ်ယောက်ပင်.. ကြီးမားတဲ့ ကျောပိုးအိတ်တွေ ကိုယ်စီနဲ့ ၁၀ နှစ် ၁၂ နှစ် အရွယ် ကလေးလေး ၄ယောက် ၅ယောက်သည် ကားဂိတ်မှ ကျောင်းကားပေါ်သို့ အပြေးအလွှားတက် သွားကြသည်ကို ငေးကြည့်နေမိရင်း ခေါင်းကိုဖြေးညှင်းစွာ ခါမိသည်။
“ ဒီက ကလေးတွေမှာ ကျောင်း၊ ကျောင်းပြီးတော့ ကျူရှင်၊ ပြီးပြီလား မပြီးသေးဘူး …ဟော.. ည ရောက်တော့ ကျောင်း နဲ့ ကျူရှင် အိမ်စာတွေ လုပ်ရပြန်ရော …… ဒို့များ ငယ်ငယ်တုန်းက ဘ၀နဲ့များ ကွာပါ့….”
“အေးလေ .. ဒို့များ Country မြန်မာပြည်က ကလေးတွေလဲ ဒီပုံစံမျိုး ဖြစ်နေပြီလေ ..”
“တော်ပါပြီ လေ … မစဉ်းစားတော့ချင်တော့ပါဘူး . ခေတ်ကိုက ပြောင်းလာခဲ့ ပြီကိုး ..”
ကိုရန်ကင်း တယောက် အိမ်တွင်းဖက် လှည့်ကာ TV Remote ကို ယူ၍ စိတ်ကလည်း တောင်တောင်အီအီတွေ စဉ်းစားရင်း လက်ကလဲ အဆက်မပြတ် TV Remote ကို နှိပ်နေမိသည် တရုပ်၊ မလေး၊ တမီလ် နဲ့ အင်္ဂလိပ် စကားပြော Channel အားလုံး စုံသွားချိန်မှာတော့ လုံးဝပိတ်လိုက် ပြီးနောက် ဆက်တီကုလားထိုင်ပေါ် လျော့ရဲရဲ ထိုင်ရင်း ဆေးလိပ်ဖွာ နေတ့ဲ ကိုရန်ကင်း ကို စုံစီနဖာ အတွေးတွေက သူရဲ့ အတိတ်စီသို့ သယ်ဆောင်သွား ပါတော့တယ်။
ကိုရန်ကင်း တို့ခေတ် ၁၉၈၂ / ၈၃ လောက်က ကျူရှင်ဆိုတာ အတန်းကြီး ၉တန်း ၁၀တန်း မှတက်ကြတာလေ၊ မောင်ရန်ကင်း တို့လို အလယတန်း နဲ့ အငယ်တန်းတွေ ကတော့ အဖေ၊ အမေ နဲ့ အကြီးတွေက ပြန်သင်ပေးကြတာပါပဲ၊ တခါတလေ ကျောင်းက ဆရာ ဆရာမတွေ အချိန်ပို ခေါ်သင်ပေးတာ လဲ ရှိတယ်လေ၊ ကျူရှင် မတတ်ကြပေမယ့် အကြီးတွေ သင်ထား ကျက်ခိုင်းထားတ့ဲ စာတွေကို တော့  လုပ်ရတယ်လေ၊ သူတို့ မိသားစုကလဲ ကြီး သိပ်အချောင်လည်ကြီးလဲ မဟုတ် ဒီတော့ အဆင့်ဆင့်တွေ အုပ်ချုပ်တော့ အကြီးတွေကို ကြောက်ကြ ရတာပေါ့။
အခုလို အခါ ဒီလို အချိန် ကျာင်းပိတ်ရက်ဆို မောင်ရန်ကင်းတို့ ပျော်လို့မဆုံး တကုန်းကုန်း .....
ဟုတ်တယ်လေ တကုန်းကုန်းပေါ့ ဘကြီးတွေ၊ ဦးကြီးတွေ၊ အကိုတွေ၊ အမတွေ လှည့်ပတ် ကတော့၊ ရသမျှ
ကျပ်စိတွေ ငါးမူးစိတွေ စု။ ပြီးတော့ ဗျောက်အိုး၊ မီးပန်းတွေ ၀ယ်။ အပေါင်းဖော်တွေနဲ့ ဘယ်သို့ ဘယ့်နှယ်
လုပ်ကြမယ် စီစဉ်၊ ဆုံချိန်တွေ သက်မှတ် … အိုး … မနားတမ်း မအားတမ်းပါပဲလေ၊
ရပ်ကွက်ကစီစဉ်တ့ဲ စတိတ်ရှိုး၊ လမ်းကိုပိတ်ပြီးပြတ့ဲ သုံးကားပေါင်း မိုးအလင်းရုပ်ရှင်စတ့ဲ ဟာတေအွ ပြင် တိုက်တွေ အိမ်တွေလည်း မီးတွေဆင် အလှုလုပ်ဖို့ ချက်ကြ ပြုပ်ကြတွေ စီစဉ်လုပ်ကြပြီ ဆိုရင်ဖြင့် မောင်ရန်ကင်း တို့လည်း တနိုင်တပိုင် ၀ိုင်းလုပ် ကူညီဆိုတော့ မုန့်တွေကြွေးကြ ကြွေးသမျှစား အပျော်ကြီး ပျော်နေ တာ့တာပါပဲ ..။
ဒီတော့ အိမ်က အကြီးတွေက စာတွေကို မနက်စောစော ပြီးအောင်လုပ်ဖို့ စပြီး စီစဉ်လာကြပါတယ်၊
ဘာကြောင့်လဲဆိုတော့ မောင်ရန်ကင်း ဆင်းကစားပြီဆိုရင် တော်တော်နဲ့ ပြန်မလာတော့လို့ ပါပဲ၊ မောင်ရန်ကင်း ကလဲ လစ်လို့ရတာနဲ့ ဥဏ်နီဥဏ်ဝါတွေသုံးပြီး ဘယ်လိုဆင်း ဆော့ရမယ်ဆိုတာ ချောင်းနေတက်တာပါ…
အခုလည်း မနက်က ကျက်ခိုင်းထားတ့ဲ English Meaning တွေကို ညနေ ၆နာရီမှာ ပြန်ပါ့မယ် ဆိုပြီး တနေ့ခင်းလုံး ကစားမက်ခဲ့တဲ့ မောင်ရန်ကင်း တစ်ယောက် English Meaning တွေကို အသည်းအသန် ကျက်နေရပါတယ်၊ ညနေ၅နာရီလောက်မှ စကျက်ပြီး အာပူတိုက်ကာ ရပြီ ဟုဆိုပြီး သွားပြန်လိုက် မှားလိုက် နဲ့ တဖြေးဖြေး သံသရာလည်နေ ပါတော့တယ်၊ အချိန်ကလဲ ဖြေးဖြေး ၆ နာရီခွဲ တော့မယ်၊ စိတ်ကလည်း စာထဲမှာ မရှိတော့ပြီ … သူငယ်ချင်းတွေနဲ့ချိန်းထားတာက ၇ နာရီ လေ ….
“ရပြီ”… “မှားတယ် ပြန်ကျက်” .. “ရပြီ”.. မှားတယ် ပြန်ကျက်” …
သေချာ မရသေးပဲ သွားသွားစာပြန်တော့ စာစစ်သူ အမရဲ့ မျက်နှာကလဲ တင်းလာပြီ၊ ကစားချင်
စိတ်များလွန်းနေသော မောင်ရန်ကင်း၏ မျက်နှာ မှာလဲ ညို၍ ချွေးတို့နှင့် ရွှဲနေလေပြီ၊ ဘောင်းဘီအိတ် ထဲကဗျောက်အိုး၊ မီးပန်း၊ ဖယောင်းတိုင် န့ဲ စောင်းကောက် ယမ်းမီးခြစ်ကို စမ်းလိုက် .. ပြူတင်းပေါက် ကနေ အပြင်ကိုမျော်ကြည့်လိုက် ..စာပြန်ကျက်လိုက် … အားကိုးရှာတဲ့ အနေနဲ့ အမေကိုကြည့်တော့ အမေကလဲ မသိသလိုသိသလို “နင့်အပြစ် နဲ့ နင်ခံ ဆိုတဲ့ ပုံစံမျိုး
“ရပြီ” … “မှားတယ် ပြန်ကျက် မသေချာရင် လုံးဝလာ မပြန်နဲ့” … ဟုတ်…
“ရပြီ” … “မှားတယ် ပြန်ကျက် စာမရရင် အောက်ဆင်း ဆော့ဖို့ လုံးဝ စိတ်မကူးနဲ့”… ဟုတ်…
ဘောင်းဘီထဲက ဆော့ဖို့ ထ့ထဲားတ့ဟဲာ တေလွဲ ချွေးတို့ကြောင့် စိုရွှေဲ နချေပြီ .. စာကားမရသေး …
မျက်နှာမှာ ပြိုတော့မ့ဲ မိုးနှယ်ညိုနေပြီ၊ မျက၀် န်းတင်ွမျက်ရည်တို့ကား ရစ၀ိုင်လျှက် … ကိုယ့်အပြစ်နှင့်ကို
ဆိုတော့လည်း ခေါင်းကို ငုံ့ လက်ကိုပိုက် ကြိတ်ရှိုက်၍ အတင်း ဖိကျက်ပါသော်လည်း ဦနှောက်တို့က
အလုပ်မလုပ်တော့ …..
"ရွှီး .... ဖေါင်း ... ဒိုင်း....." “ဟ့ဲ ကလေးတွေနားမှာ မဖေါက်နဲ့လေ”…. “သားရေလာ မီးပုံးလေးကို မေမေ့ 
နားမှာတွန်း နော်” …. “ဖေဖေရေ မီးမီးကို ဖယောင်းတိုင်ပေး လေ မီးမီးလဲထွန်းမယ်” ….. “ကိုတာကြီးရေ
တိုက်အလှဆင်မီးတွေ ထွန်းလိုက်တော့” … “ဟုတ်ကဲ့ ဟုတ်ကဲ့” …. “ဟေးးးးးးး လှလိုက်တာ မိုက်တယ်ကွာ”
စချေပြီ တိုက်အောက်ထပ်မှ အသံစုံတို့နှင့် ယမ်းညော်နံ့ တို့သည် တိုက်ပေါ်သို့ ဝှေ့ဝဲ တက်လာလေပြီ၊
မောင်ရန်ကင်းကား စာမရသေး ……
ပြွတ် … ပြွတ် .. ပြွတ်… ရွှီ … ရွှီ … ရွှီး …. ဟော …. ချစ်သော ဘော်ဘော်တို့၏ အချက်ပေးသံကား လာချေပြီ …
မောင်ရန်ကင်း မျက်ရည်တွေ ပြည့် နေသော အကြည့် အစုံဖြင့် စာစစ်သူ အမကို ကြည့်ရင်း ခေါင်းကို
ဖြင်းဖြင်းပါအောင် ကုတ်နေသည်၊ အမကား တင်းမာသော မျက်နှာထားနှင့် “ဒါလေး ၁၅ လုံးလောက်ကျန်တာတောင်
ရအောင်မကျက်နိုင်သေးဘူး လုံးဝဆင်းမဆော့နဲ့ ဒါပဲ” ဟုဆိုကာ မီးဖိုဖက်သို့ ထွက်သွားလေတော့သည်..
အချိန်ကား ရ နာရီခွဲလေပြီ။
“ဟဲ့ အငယ်ကောင် မင်းသွားမဆော့ဘူးလား” … “မင့် သူငယ်ချင်းတွေ အောက်မှာတွေ့ခဲ့ပါ့ကော” ….
“သူများတွေဆော့နေ ကြပြီလေ”… “အမလေး .. အမေရယ် တလမ်းလုံး ယမ်းမီးခိုးတွေ ချည့်ပဲ လမ်းလုံးပြည့်
ကလေးတွေက မီးပုံးတွေတွန်းလို့” .. “ဟိုဖက်အိမ်က မိကဲတို့ တတွေလဲ ဖယောင်းတိုင် ကိုစီနဲ့လေ” …
“တိုက်တွေကလဲ မီးတွေထွန်းထား လိုက်တာ လှမှလှပဲ” …. စကားကို အဆက်မပြတ်ပြောရင်း အမကြီး ရုံးအချိန်ပို
သွားရာကနေ ပြန်လာပါတော့တယ်။
အမေက “ဟဲ့ …. နင့်မောင် စာတွေမရသေးလို့ သူ့အမက မဆင်းရဘူးပြောတယ်” .. “သူကလဲ သူပဲ
မနက်တုန်းကတော့ ညနေမှာ စာပြန်မယ် ဆိုပြီး ဆင်းဆော့နေတာ” … “ဟော ….. ညနေကြတော့လဲ မရဘူးလေ”
“ဒါနဲ့ သူ့အမက ဒေါသပုန်ထ နေလေရဲ့” … “ငါအမေက လွှတ်ချင်ပေမယ့် စာပြတဲ့ သူ့အမနဲ့ သူနဲ့ မနက်က
သဘောတူ ထားကြတာလေ ဒီတော့ သူ့အပြစ်နဲ့ သူပေါ့ ဟယ်”
“အို … အမေရယ် ကလေးပဲ ဟာကို ဒီလိုပွဲအချိန်မျိုး ဘယ် စာကျက်လို့ ရပါလိမ့် မလဲ၊ ခေါင်းထဲ
ဘယ်လိုဆော့မယ်ဆိုတာ ပဲရှိမှာပေါ”့ .. “သမီး အငယ်မကို ပြောလိုက်ပါမယ်” .. .. “ဘေးအိမ်က ဦးကျော်တင့်
ကလဲ ပြောလိုက်သေးတယ် မောင်ရန်ကင်း တို့ကူကြလို့ ဒီည မီးထွန်းနိုင်တာ လို့ပြောတယ် အမေ့သား က
ဆော့လဲဆော့ ကူလဲကူ ဆိုတော့ မဆိုးလှပါဘူး” … “ဟဲ့ …. ငါ့မောင် သွားမျက်နှာလေး ဘာလေးသစ်ပြီးတော့ သွားဆော့  .. . သိပ်ညဥ့်နက် အောင်မနေနဲ့နော် ………နောက်နေ့ကျရင် စာကိုပြီးအောင်ကျက်ထား ဟုတ်လား
“ဟုတ်က”ဲ့ …...ဆိုသော အသံန့ဲ အတူ မောင်ရန်ကင်း၏ မျက်နှာကား ၀င်းပ၍ သွားချေသည်၊ အပြေးအလွှား ရေမိုးချိုး ပြီး တိုက်အောက်သို့ လှေခါးထစ်များကို ခုန်ကျော်ဆင်းရင်း ……ပါးစပ်မှလည်း……ငါလာပြီ ဘော်ဘော် တို့ရေ ………………
………ဝေးးး ဟေးးးးးး ..ဟေးးးးးး သီတင်းကျွတ်ပြီ ဟေ့ ……အော်ဟစ်ကာ ရွှင်မြူး စွာ
ပြေးဆင်းသွားလေတော့သတည်း ….
ကိုရန်ကင်းလဲ တတီတီ မြည်လာသော ဖုန်းသံကြောင့် အတွေးရေယဉ်မှ လွင့်ထွက်သွားလေတော့သည်။
Snow
Tuesday, November 2, 2010
ကောင်းကင်၊ မြေကြီး နှင့် ရေ
ညတစ်ညမှာပေါ့ ..
မြေကြီးက ငိုရှိုက်ရင်း
တိုးတိုးလေးပြောတယ်..
ကောင်းကင်ရယ်
မင်းသိပ်ရက်စက်လွန်းတယ်...
ညှာတာမှု ကင်းမဲ့တဲ့ မုန်တိုင်းတွေ
အစည်းအတားမဲ့ မိုးတွေနဲ့ ပေါ့...
မင်းဟာ အရင်ကလို ပြင်းထန်စူးရှ
လောင်ကျွမ်းတဲ့ နေရောင်တွေရဲ့
ရန်ကနေ အကာကွယ် မပေးတော့ပါလား .....
ကောင်းကင်က ဆို့နင့်စွာနဲ့
မြေကြီးကို ပြောတယ်...
တကယ်တော့ မင်းနားမလည်ခဲ့ဘူး
မင်းဟာ မင်းရဲ့အနီးက သူတွေကို
ယုံလွယ် ကာကွယ်ပေး လွန်းခဲ့တယ်....
စိမ်းစိုမှုတွေ ကွယ်ပျောက်လုနီးပါး
တွင်းပေါက်ကြီးတွေနဲ့
တကိုယ်လုံး ပြည့်လုနီးပါး ဖြစ်နေပေမယ့်
မင်းဟာ သစ်လွင်လှပနေတယ်လို့ ထင်နေခဲ့တယ်.....
တကယ့်ကို မင်းကိုရက်စက်နေသူတွေက
မင်းရဲ့ အနီးဆုံးသူတွေ ပါကွာ.......
ငြိမ်သက်စွာ စီးနေတဲ့ ရေဟာ
တချက်မျှ ဝှေ့ဝဲလှိုင်းထ သွားရင်းနဲ့
မြေကြီးရဲ့ အစိတ်အပိုင်း တချို့ကို
ဖဲ့ချသယ်ယူသွားလေရဲ့ ......
Snow
Thursday, October 28, 2010
ဟိုးတုန်းက-၂
ဟိုတုန်းက ပုံအဟောင်းလေးတွေကို တွေ့တာနဲ့ စုဆောင်းထားချင်တာရယ်၊ လေ့လာလိုသူတွေ အတွက်ရယ်ကို ရည်ရွယ်ပြီး မူရင်းအတိုင်း တင်ထားပေးထား ပါတယ် ............
A myanmar Timber worker in front of his tent, Madaya district in Mandalay (1923-24 - Bombay Burma Timber Company). Bombay Burma is the company which started the extraction of Myanmar forest products in large scale in the time of British rule.
Myanmar timber elephants and their trainers (Sin Hteins) in Madaya township of Mandalay division (1923-24 - Bombay Burma Timber Company). Bombay Burma is the company which started the extraction of Myanmar forest products in large scale in the time of British rule.

Famous Shwesandaw (Shwe San Daw) pagoda of Pyay before world war 2. Pyay is located on the eastern bank of the Ayeyarwaddy river. Tourists who travel by road from Yangon to Bangan will pass Pyay. Several basic to standard range tourist accommodations are available in Pyay.

The eldest brother was ordained as a novice. His younger sisters and brothers sat around to post for a photo. It was during the second world war in Yangon under japaneses occupation (1943-44).

The road to Sagaing crosses the Ayeyarwaddy river on this sixteen span Inwa bridge which is well over a km long. Opened in 1934 the bridge was put out of action by the British in 1942 when they demolished two spans in order to deny the bridge to the advancing Japanese. Not until 1954 was the bridge repaired and put back into operation. There's toll to take cars across the bridge which also Thanlyin bridge in 1993.
ဟိုးတုန်းက-၁

Shwedagon pagoda in Yangon in 1950's. It is one of the highlights of all package tours to Yangon. The 98 meters (326 Ft) high pagoda built on a hill is believed to be one of the earliest pagodas of Gautama Buddha era. It had been built on the Singottara hill more than 2500 years ago.

Yangon city center in 1950's. You can see Sule pagoda, the independence monument, colonial buildings, and the Yangon river in the back ground.

A Myanmar Style wooden house in San Chaung township of Yangon (1948-50). The front part which is a bit lower than the main house is used to keep footwares, umbrellas, brooms, flower posts, etc. It is also the place where people sit in recling chairs and read newspapers and books.

A large teak log for sending overseas. Myanmar (Burmese) timber workers and their elephants
(behind the log) posing for photograpg in Swa, Taungoo township (1951-1955)