Wednesday, December 1, 2010

ဘယ်သို့ဖြင့် ကယ်မယ့်ပိုင်။

အမိမြေကိုဖြင့် ချစ်လွန်းလို့ ပြန်မယ့်ကြံ ….

ဆောင်ရန်ငွေ ရှာဖို့ လိုလေတော့၊

တွက်ခါငွေ အကုန်ပေါင်း၊ မလောက်တာကြောင့်

ရပ်တကာလှည့်ကာတောင်းပြန်တော့

မောင်မယ်တွေ တူပြိုင် ဖြေတာဖြင့်

မင်းရရင်ပြော ………………………..


Passport ရဲ့ ကုန်ရက်၊ ရေတွက်လို့ကြည့်ရင်

ရွှေစိတ်မှာမရွှင်၊ ဖြေမဆည်နိုင်ဘူး

ဘဏ်ကတ်မှာ ၊ ၁၀၀ သာပြလို့

မျက်ရည်ရယ်ဝိုင်း .........................

ဆိုးလိုက်တဲ့ ဘ၀ရယ်၊ ဘယ်စံနဲ့ တိုင်းရလိမ့်

နှစ်နိုင်ငံ အခွန်ပေးရတယ်

သေးထွက်လု ခမန်း ………………………….


နှစ်စ ပုဝါ အသာချပါလို့

လွမ်းနတ်ကတော် ပုံဖမ်းစေရင်း

ငိုချင်းကို တွင်တွင်ရယ် သုံးကာမှ ၊

မသဒ္ဒါ ငွေအသပြာ လုံစွာရတာကြောင့်

ချိုသာတဲ့ မူစတာဖါကို၊ ပေးလက်ဆောင်ဝယ်ဖို့ရယ်

ပြုံးပျော်၍ လှမ်း ………………………


တို့မြေကို ခြေအချမှာဖြင့်၊ ဝေစရာတွေ ဝေငှပါလို့

ပေတရာကို ရောက်ခါမှ

သက်မကို ကြိမ်ကြိမ်ချရတယ်

ဟဲ့ ….ပစ္စည်း စစ်စမ်း ……………………..


ပျော်မဆုံး ၇ ရက် ဖျတ်ခနဲကုန်

မှုံတုံတုံ မျက်နှာပေးနဲ့

တကျွန်းစံ ကျွန်းပြန်ရန် အချိန်ကျလေတော့

ထောင်သက်ရှည် အကျဉ်းသားလို

အားတင်း၍ လှမ်း ………………………….


ကျွန်းသန္တာ ရေ၀ိုင်းကို၊ လေလှိုင်းစီးရောက်ပြန်တော့

ခုန်လိုက်တဲ့ရင်၊ ပူလိုက်တဲ့ခေါင်း

ဂျင်ဂျာလည် အတွေးတွေတိုင်း

ကြွေးတွေက၀ိုင်း ……………………….


တွေးလေလေ နာတာတွေ ရေမရပေမယ့်

ကြုံးကာလုပ်မှ၊ ငွေအသပြာ သေချာရမှာမို့

Ya လား Do လား တွေ အတွင်သုံးပါလို့

ကြိုးစားကာ အသပြာရှာရင်း

ကြွေးတွေကိုရှင်း …………………….

(Over sea တို့ ဘ၀)

1 comment: